Monday, July 29, 2013

အချစ်တဲ့

တိတ်တိတ်လေးသိမ်းထားတဲ့အိပ်မက်တွေမှာ
ငှက်ကလေးကို ကိုယ့်ရင်ထဲဝှက်ထားတယ်
ဘယ်သူမှ မမြင်ခဲ့။

  

ကိုယ့်ချစ်ခြင်းတွေကြား
သူစိတ်ရှုပ်နေသလား
လေလားမိုးလား မသဲကွဲတဲ့ စကားသံတွေနဲ့
ကိုယ်နဲ့ဆို သူစကားသံတွေဟာ အမြဲ မျက်နှာဖုံးအုပ်ထားတတ်တယ်
သနားလိုက်တာ ငှက်ကလေးရယ်။

ကိုယ့်အတွက်ဆို သူက လမင်းလေးတစ်စင်း
သူ့အတွက်ဆိုကိုယ်က ခါးသက်လွန်းသတဲ့လား
ဒီလိုနဲ့ပဲ ပုံပြင်လေးတစ်ပုဒ်ကို အဆုံးသတ်ဖို့ပြင်မိ
ဝေးကွာလွန်းတဲ့ ခံစားချက်နှစ်ခုကြား
ကိုယ် ညီမျှခြင်းချဖို့မကြိုးစားရက်တော့

ဝေးပါ ဝေးပါ ဝေးဝေးပြေးပါ
ကမ္ဘာဦးသစ်သီးကို ကိုင်ရင်းကိုယ်ငေးကြည့်နေခဲ့ပေါ့
လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ငှက်ကလေး နားလည်စေ။

သစ်ပင်

No comments:

Post a Comment