Tuesday, July 30, 2013

လွမ်းတယ်

ကမ္ဘာဦးသစ်သီးကြောင့် ပန်ဒိုရာရဲ့ ဖြားယောင်းမှုနောက် လိုက်နေမိတယ်
လွမ်းတယ် ငှက်ကလေး
မနေ့ကအလွမ်းဟာ ဒီနေ့ထိဆက်လာ
ခြေလက်မရှိပေမဲ့
သက်ရှိအလွမ်းတွေဟာ နှိပ်စက်တတ်ကြောင်း
သင်ယူခဲ့ရပေါ့

လွမ်း
လွမ်းဆိုတဲ့ စကားတစ်ခွန်းနောက်မှာ
ကိုယ်ဟာ အငေးငေးအငိုင်ငိုင်
ကမ္ဘာတစ်ခုလုံး မှိုင်းမှုန်နေသလိုမျိုး
အလင်းပျောက်နေခဲ့ပေါ့

ငှက်ကလေး
ခဏခဏကျတတ်တဲ့ ကော်နက်ရှင်တွေသာ ကိုယ့်အလွမ်းဖြစ်ရင်
မြန်မာနိုင်ငံဟာ ကော်နက်ရှင်အလျှင်မြန်ဆုံးဖြစ်လိမ့်မယ်

ပြင်းအားများတဲ့ အလွမ်းတွေကို ငြိမ်းဖို့
သတိရခြင်းဖုန်းတစ်ကောလောက် ပို့လှည့်ပါ

No comments:

Post a Comment