Tuesday, July 30, 2013

ကွယ်

ကွယ်

 

မျက်ရည်ဆိုတာ

 တံတိုင်းမရှိတဲ့ မြစ်လား

 

နင့်သည်းနေတဲ့ ရင်ဟာ

တားမြစ်ဖို့ကို မတွေးမိသေးဘူး

 

သာမန်

ဆိုတဲ့ စကားတစ်ခွန်းကိုပဲ အခါခါရွတ်လို့

ကိုယ့်ကိုယ်ကို သတိပေးနေမိရဲ့

 

ဝေးတယ်

စိတ် နှစ်ခုရဲ့ မိုင်ကို

ဘယ်လို နီးစပ်စေရမလဲ

မတွေးဝံ့တော့ဘူး

 

ကွယ်

 

ဒီမြစ်ကို ရပ်ဖို့

အားအင်တွေ ကုန်ခမ်းနေတယ်

 

အချစ်ဦး

အရူးဖြစ်သတဲ့

ကိုယ်လည်း ရူးပြီထင်ရဲ့

 

ချစ်သူနဲ့ ကိုယ့်ကြားဝေးကွာမှုတွေဟာ

နီးစပ်စေဖို့ ကင်းကွာခဲ့ပြီ

No comments:

Post a Comment